T8620 ကို CWM recovery တင်နည်းနှင့် Gapps သွင်းနည်း

Google play ကို တိုက်ရိုက်ဝင်ပြီး  Game , application တွေကို Download လုပ်လို့ရနေပါပြီ။အရင်လို VPN,Proxy,Market unlocker တွေနဲ့ ဘာမှလုပ်စရာမလိုပဲ တိုက်ရိုက် Download လုပ်ဖို့အတွက် အောက်မှာရေးထားတဲ့ အချက်အလက်တွေ ပြည့်စုံမှရပါမယ်။
အရင်ဆုံး CWM ကိုအရင်တင်ပေးရမည်။ပြီးမှ Gapps ကို CWM ကနေသွင်းမှာပါ။
CWM ကို ဒေါင်းရန် links
Gapps ကို ဒေါင်းရန် links http://www.mediafire.com/?h2mtw9s8r858lp1

CWM သွင်းနည်း 
        t8620 Zip ဖိုင် computer desktop ပေါ်မှာ ဖြည်လိုက်ပါ။ ဖြည်ပြီးရင် t8620 ဖိုင်ထဲကိုဝင်လိုက်ပါ အဲဒီထဲက recovery windows Bath File (Run) လိုက်ပါ။ No.1 က Root ဖောက်တာ No.2 က Root & Recovery သွင်းတာ No.3 က Recovery ကိုသွင်းပေးတာပါ။ဖုန်းကိုတော့ USB debugging နှင့် Unknown source ကိုတော့ အမှန်ခြစ်ပေးထားရမည်။Recovery သွင်းပေးချင်ရင်တော့ No.3 ကိုနှိပ်လိုက်ပါ ပြီးရင် ခဏလေးစောင့်ပြီး ဖုန်းက Reboot ကျသွားပါလိမ့်မည်။Volume Up + Power ကိုစုံနှိပ်လိုက်ပါက CWM Recovery Mode  ကိုရောက်သွားမည်။CWM သွင်းနည်းပြီးပါပြီ ...

Gapps သွင်းနည်း
          ဒေါင်းလို့ရလာတဲ့ zip ဖိုင်ကို SD Card ထဲသို့ထည့်ပါ။Power ကိုပိတ်ပါ ပြီးရင် Volume up + Power နဲ့ recovery mode ကိုဝင်ပါ zip ဖိုင်ကို ရွေးပါ။ပြီးရင် reboot ကျသွားမည်။ ဖုန်းပွင့်လာပါက Gapps ကိုဖုန်းထဲမှာတွေ့ရပါလိမ့်မည်။Talk , Maps, Play store ,location, goole တို့အသုံးပြုလို့ရပါပြီခင်ဗျား ။။။။

                                               <>   ကိုယ်တိုင်စမ်းပြီးသားပါ  <>
         အဆင်ပြေခဲ့ရင် comment လေးပေးခဲ့ပါ

Google Play ကို တိုက်ရိုက်ဝင်ပြီး download လုပ်လို့ရနေပါပြီ။ အရင်လို VPN, proxy, market unlocker တွေ ဘာမှ မလိုဘဲ တိုက်ရိုက် download လုပ်နိုင်ဖို့အတွက် အောက်မှာ ရေးထားတဲ့ အချက်တွေ ပြည့်စုံရပါမယ်။ ဒါပေမယ့် တရုတ်ဖုန်းအများစုမှာ google service မပါဝင်တဲ့အတွက် Play Store, Talk, GMail စတာတွေ သုံးလို့မရပါဘူး။ အဲဒီဖုန်းတွေမှာ Google Play ကိုဆော့ဝဲapk အတိုင်း install လုပ်ပြီး ထည့်မယ်ဆိုရင် icon ပဲ မြင်ရပြီး နှိပ်တာနဲ့ ပြန်ထွက်သွားမှာပါ။ Google Service ထည့်ဖို့အတွက် ဖုန်းမှာ clockworkmod recovery တင်ထားပြီးသားဖြစ်ရပါမယ်။ recovery ကနေ gapps.zip ကို သွင်းရပါမယ်။ google applications zip ကို မိမိဖုန်းနဲ့ သက်ဆိုင်ရာအလိုက် download လုပ်ပါ။ • ginger bread >>> http://goo.im/gapps/gapps-gb-20110828-signed.zip • ics >>> http://goo.im/gapps/gapps-ics-20120429-signed.zip • jelly bean >>> http://goo.im/gapps/gapps-jb-20130301-signed.zip (download link ကိုသွားပြီးရင် 10 စက္ကန့်လောက် ခဏစောင့်ပါ။ download link ပေါ်လာပါလိမ့်မယ်။) (2)ဖုန်းမှာ google account ထည့်ထားပြီးသားဖြစ်ရပါမယ်။ setting>account & sync မှာ မိမိရဲ့ gmail အကောင့်ကို ၀င်ထားပေးပါ။ (3) တစ်ချို့ဖုန်းတွေမှာ Play Store ပုံ ပါနေပြီး download လုပ်မရ မြင်သာမြင်မကြင်ရနဲ့ အဆင်မပြေရင်တော့ Play Store version ပြောင်းသုံးရပါမယ်။ ခုနောက်ဆုံး အဆင်ပြေတဲ့ 3.10.14 နဲ့ မှ အဆင်ပြေပါလိမ့်မယ်။ Google Play Store 3.10.14 http://www.mediafire.com/?h2mtw9s8r858lp1 အားလုံးပဲအဆင်ပြေကြပါစေ။

Comments

  1. CWM လင့်လည်းမတွေ့ဘူးအကို

    ReplyDelete

Post a Comment

နည်းပညာလေ့လာနေသူများအတွက် သိသာတွေကို ဖြေကြားပေးပါမည်။ကျေးဇူးတင်ပါသည်။

Popular posts from this blog

Board Firmware တင်နည်း

Mobile Phone အခြေခံစက်ပြင်နည်း

Huawei Official Firmware များစုစည်းမှု