SHSH blobs တစ်ခုကို Save လုပ်ခြင်း

iDevice သုံးစွဲသူများ အနေနှင့် Jailbreak လုပ်ထးသည် ဖြစ်စေ မလုပ်ထားသည်ဖြစ်စေ Update လုပ်လိုက်သော iOS အတွက် မိမိ၏ SHSH blobs ကို အစဉ်တစ်စိုက် Save လုပ်ထားခြင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။
ယခုလို Shsh ကို မှန်မှန် save လုပ်ထားခြင်းဖြင့် အဆင်မပြေတာ တစ်ခုခု ကြုံကြိုက်လာပါက Downgrade ပြန်ဆင်နိုင်ဖို့  အတွက် အခွင့်ရေးတစ်ခု အမြဲရရှိနေမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ SHSH blobs ကို save ဖို့  သင့်သလဲဆိုရင်တော့ firmware တစ်ခုကို update လုပ်ပြီးတာနှင့် တစ်ပြိုင်နက် save သင့်ပါတယ်။

Apple က နောက်ထပ် firmware တစ်ခု အသစ်ထပ်ထုတ်လိုက်တဲ့ အချိန်မှာ လက်ရှိ firmware ကို မြန်မြန်ဆန်ဆန် ပိတ်ပစ်တာကြောင့် အဲဒီအချိန်ကျရင်တော့ Save လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

SHSH blobs ကို အလွယ်ကူဆုံး နည်းနှစ်နည်းနဲ့  Save လုပ်ထားနိုင်ပါတယ်။

ပထမနည်း ကတော့ "Tiny Umbrella" အသုံးပြု၍ save လုပ်နိုင်ပြီး Jailbreak ဖြစ်ဖို့ လည်း မလိုပါဘူး။
ဒုတိယနည်း ကတော့ Cydia ရဲ့  tweak တစ်ခုဖြစ်သော "iSHSHit" နဲ့  save နိုင်ပြီး Jailbreak ဖြစ်ရန် လိုအပ်ပါတယ်။


Tiny Umbrella နှင့် Save နည်း

>> Download Tiny Umbrella (WIN, OSX)

အဆင့် ၁)
ပထမဦးစွာ Tiny Umbrella ၏ နောက်ဆုံး Update version (WIN, OSX) ကို download ရယူပါ။

အဆင့် ၂)
Desktop တွင် Folder တစ်ခု ဆောက်၍ "SHSH" ဟု အမည်ပေးထားပါ။

အဆင့် ၃)
Tiny Umbrella ကို Run လိုက်ပါ၊ Initialize ပြီးအောင် စောင့်ပါ။

အဆင့် ၄)
SHSH blobs ကို Save လိုသော သင်၏ iDevice (iPad, iPhone, iPod touch) ကို computer နှင့် ချိပ်ဆက်ပါ။

အဆင့် ၅)
Tiny Umbrellar window ထဲမှာ ဘယ်ဘက်ဒေါင့် နေရာရှိ "Connected device" အောက်တွင် ပေါ်နေသော သင်၏ device ကို ရွေးပါ။



အဆင့် ၆)
Tiny Umbrella တွင် ပါရှိသော "General, Log, Advance" tab များထဲမှ "Advance" ကိုသွားပြီး အောက်ဖော်ပြပါ option နှစ်ခုကို အမှန်ခြစ် ဖြုတ်လိုက်ပါ။

  • Save ALL Available SHSH
  • Request SHSH From Cydia


အဆင့် ၇)
"Save SHSH Directory" ကို Desktop ရှိ SHSH folder သို့  ရွေးချယ်ပေးလိုက်ပါ။


အဆင့် ၈)
အဆင်သင့်ဖြစ်ပါက "Save SHSH" ကို နှိပ်ပေးလိုက်ပါ၊ Tiny Umbrealla က သင်၏ iOS အတွက် SHSH blobs ကို save လုပ်သွားပါလိမ့်မည်။

Save လုပ်ပြီးပါ "Log" tab တွင် status ကို စစ်ဆေးပါ "SHSH SUCCESSFULLY saved!" ဟူသော စာတန်းကို အောက်ပါအတိုင်း တွေ့ ရပါမည်။


အဆင့် ၉)
"SHSH" folder ကို စစ်ဆေးကြည့်လိုက်ရင် Shsh blobs file ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်

Video Tutorial



ဤနေရာတွင် "Tiny Umbrella" နှင့် "Shsh blobs" save နည်း ပြီးဆုံးပါပြီ...



************************************************************



iSHSHit နှင့် Save နည်း

"iSHSHit" သည် Cydia ၏ tweaks တစ်ခု ဖြစ်သည့်အားလျှော်စွာ သင်၏ iDevice သည် Jailbreak ဖြစ်ရန်လိုပါသည်။


အဆင့် ၁)
ပထမဦးစွာ "iSHSHit" ကို Cydia တွင်ရှာ၍ install လုပ်ပါ။
Cydia Source: "http://cydia.xsellize.com/" ဖြစ်ပါတယ်။

အဆင့် ၂)
Home screen ရှိ "iSHSHit" ကို ဖွင့်ပြီး ညာဖက် အပေါ်ဒေါင့်ရှိ "Save" ကို နှိပ်လိုက်ရုံနဲ့  သင့် iOS ၏ Shsh blobs ကို လွယ်ကူစွာ Save နိုင်ပါပြီ..







Credit to : iDB 
            ကိုမိုးသကြားမှ ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

Board Firmware တင်နည်း

Huawei Official Firmware များစုစည်းမှု

Mobile Phone အခြေခံစက်ပြင်နည်း