SHSH blobs တစ်ခုကို Save လုပ်ခြင်း

iDevice သုံးစွဲသူများ အနေနှင့် Jailbreak လုပ်ထးသည် ဖြစ်စေ မလုပ်ထားသည်ဖြစ်စေ Update လုပ်လိုက်သော iOS အတွက် မိမိ၏ SHSH blobs ကို အစဉ်တစ်စိုက် Save လုပ်ထားခြင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။ ယခုလို Shsh ကို မှန်မှန် save လုပ်ထားခြင်းဖြင့် အဆင်မပြေတာ တစ်ခုခု ကြုံကြိုက်လာပါက Downgrade ပြန်ဆင်နိုင်ဖို့  အတွက် အခွင့်ရေးတစ်ခု အမြဲရရှိနေမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ SHSH blobs ကို save ဖို့  သင့်သလဲဆိုရင်တော့ firmware တစ်ခုကို update လုပ်ပြီးတာနှင့် တစ်ပြိုင်နက် save သင့်ပါတယ်။ Apple က နောက်ထပ် firmware တစ်ခု အသစ်ထပ်ထုတ်လိုက်တဲ့ အချိန်မှာ လက်ရှိ firmware ကို မြန်မြန်ဆန်ဆန် ပိတ်ပစ်တာကြောင့် အဲဒီအချိန်ကျရင်တော့ Save လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ SHSH blobs ကို အလွယ်ကူဆုံး နည်းနှစ်နည်းနဲ့  Save လုပ်ထားနိုင်ပါတယ်။ ပထမနည်း ကတော့ " Tiny Umbrella " အသုံးပြု၍ save လုပ်နိုင်ပြီး Jailbreak ဖြစ်ဖို့ လည်း မလိုပါဘူး။ ဒုတိယနည်း ကတော့ Cydia ရဲ့  tweak တစ်ခုဖြစ်သော " iSHSHit " နဲ့  save နိုင်ပြီး Jailbreak ဖြစ်ရန် လိုအပ်ပါတယ်။ Tiny Umbrella နှင့် Save နည်း >> Download Tiny...